ရုက်ခစိုး

တစ်ခါက ရွာထိပ်က ညောင်ပင်ကြီး မှာ ရုက်ခစိုး ကြီး တစ်ယောက် (တစ်ပါး) ဟာ ရွာသူရွာသားများအားလုံး လာတောင်းသမျှဆုအားလုံးကို ပြည့်စေနိုင်တဲ့ တန်ခိုးရှိသတဲ့...

အချိန်ကြာလာတာနဲ့အမျှ သတင်းကြီးလာပြီး အခြားရွာတွေက ပါ လာပြီးကိုးကွယ်နေကြတော့တာပေါ့ .....

တနေ့မှာ ယောက်ျားလျှာ နှင့် အမျိုးသမီး စုံတွဲ တစ်တွဲရောက်လာပြီး "အရှင်ရုကခစိုးမင်းကြီး ခင်ဗျား တပည့်တော်တို့ လင်မယားကို သားသမီးရတနာ ရအောင် ဆောင်ကျဉ်းပေးတော်မူပါ" လို့ ဆုတောင်းကြသတဲ့ ...အဲဒါ ရုက်ခစိုးကလဲ ကိုယ့် အစွမ်းအစ ကို ယုံကြည်ချက်အပြည့် နဲ့ "ပြည့်စေဗျား" ဆိုပြီး ဆုပေးလိုက်သတဲ့ ..... စကားအဆုံးမှာဘဲ အဲဒီစုံတွဲဟာ ပျော်မြူးပြီး ပြန်သွားကြသတဲ့.......

ဒီလိုနဲ့ဘဲ ပြည့်စေ ပြည့်စေ နဲ့ အားလုံးရဲ့ဆုတောင်းတွေ ပြည့်လာလိုက်တာ...ရက်ကို လစား , လ ကို နှစ်စား, နှစ်ကို ဘာစား.....အဲ မတိတော့ဘူး .........တစ်နှစ်ကျော်ကြာလာတော့ ....စောစော က သားဆုပန်သွားတဲ့ စုံတွဲ ကတော့ မှုန်ကုတ် ကုတ် ငြိုး ငယ်ငယ် မျက်နှာပေးတွေနဲ့ ရောက်လာ ကြပြီး ရုက်ခစိုးကို ကွန်ပလိန်းကြတာပေါ့...."သူများတွေကြတော့ တောင်းတဲ့ ဆုနဲ့ပြည့်ပြီး များတို့ကြတော့ ဘာညာ ဘာညာ" ပေါ့ ...

ဒီတော့ နကိုယ်ကတဲက မာန်တက် နေတဲ့ ရုကခစိုးက လဲ မခံချင်ဖြစ်သွားပြီး နတ်တန်ခိုးနဲ့ ပြန်လည်ဆင်ခြင် ကြည့် လိုက်တော့ ကိုကို ယောက်ျား မဟုတ် ဘူးဆို တာ သိလိုက် ရတဲ့ အချိန်မှာတော့...."အလိုလေး... ငါ့နယ် ပေါ့လိုက်တာ ...ငါတော့ သူတို့ နဲ့ကျမှ တသက်လုံး ကြော်ကြားလာတဲ့ နံမည်ပျက်ရချည်ရဲ့" ဆိုပြီး "မင်း ကွာ...ငါ့ကို မဖြစ်နိုင်တာတွေလာပြီး တောင်းတယ်.... ငါကလဲ မှားပြီး ပြည့်စေ ဆိုပြီး ပြောမိပြီ... ငါကလည်း နံမည်မပျက်ချင်ဘူး ဒီတော့ ဒီလိုလုပ် မင်းကို ငါ ခါးအောက်ပိုင်းကို ဖြတ်ပြီး ငှါး ပေးလိုက်မယ် ...မင်းက တစ်နှစ်ပြည့်တာနဲ့ ပြန်လာပေးမယ် ဆိုတဲ့ ကတိပေး ဟုတ်ပြီလား...ဒီကိစ်စ ကို နင်နဲ့ ငါဘဲသိပစေ ဘယ်သူ့မှ မပြောနဲ့ ကြားလား" ဆိုလိုက်တာနဲ့ ကိုကို အတုကလဲ "အမလေး ကျေှးဇူးကြီးပါပေတယ် ရုကခစိုးမင်းရယ် စိတ်ချ စိတ်ချ ပြန်လာပေးမယ် ပြီးတော့ ဘယ်သူ့ကို မှလဲ မပြောဘူး " ဆိုပြီး ..ရုကခစိုးမင်းရဲ့ ကိုယ်အောက်ပိုင်း ကို ငှါးသွားတာ တစ်နှစ်နေလို့လဲ ပြန်မလာ... နှစ်နှစ်နေလို့ လဲ ပြန်မလာ.... ဒီနေ့ထိ သတင်းအစအနတောင် မရတော့ ဘူးတဲ့လေ....

အဲဒီတော့... ရုကခစိုးမင်းကြီးခမျာ ...အဲဒီ ကိုကိုယောက်ျားမဟုတ်ဘူး ရဲ့ လူလည်ကျတာကိုခံလိုက်ရပြီးတဲ့နောက်......................

(သူငယ်ချင်း အရီ.....)

No comments:

Post a Comment