အမတ်ကြီး

(ဟိုး ရှေး ရှေး တုန်းက...) တိုင်းပြည်တစ်ပြည် မှာ အမျိုးသမီးများ က အိမ်မှုကိစ်စတွေလဲသူတို့ဘဲလုပ်ပေးရတယ် ကိုယ်ဝန်လဲဆောင်ပေးရတယ်.... ကလေးတွေ ရဲ့ အမှုကိစ်စလဲ သူတို့ဘဲ လုပ်ရတယ် ..... အမျိုးသားတွေကတော့ အပြင်ထွက်အလုပ်လုပ်ရတာဘဲရှိ ပါတယ် ... မတရားပါဘူး ဆိုပြီး ... ဘုရင်ကြီးကို ကွန်ပလိန်း လုပ်ကြပါလေရော.... အဲဒီတော့ ဘုရင်ကြီးက "အိန်း ... ဒါတော့လဲ ဟုတ်ပေသားပဲ" ဆိုပြီး ညီလာခံခေါ်ပြီး အလုပ်ရုံဆွေးနွေးပွဲလုပ်ပြီး ... အဖြေရှာကြတယ်.... အဲဒီမှာ .... အမျိုးသမီးတွေရဲ့ အပင်ပန်းဆုံး တာဝန် တစ်ခုကို အမျိုးသားများ မျှ ပြီး တာဝန်ယူဖို့အတွက် ဆုံးဖြတ်ချက်ချလိုက် ကြတယ်......အဲဒီတော့ အမျိုးသမီး တွေရဲ့ အပင်ပန်းဆုံးအလုပ်က...ကလေးမွေးခါနီး ဗိုက်နာတဲ့ အချိန်ဆို တာ တွေ့ ရတဲ့အတွက် .... အမျိုးသားများ ဟာ သူတို့ရဲ့ရင်သွေး တွေမွေးခါနီးမှာ အမျိုးသမီးတွေအတွက် ဗိုက်နာပေးရမယ် လို့ နောက်ဆုံး ဖိုင်နယ် ဆုံးဖြတ်ချက်ချလိုက် ကြတယ်.....

အဲဒီအချိန်ကစ ပြီး တော့ အမျိုးသားများဟာ သူတို့ မိန်းမတွေ ကလေးမွေးခါနီးရင် ဗိုက်နာလိုက်ကြတာ ချွေးသီးချွေးပေါက်တွေတောင် ကျလို့..........

ဒါနဲ့ တနေ့မှာ မိဘုရားခေါင်ကြီး ကိုယ်ဝန်ရှိလာပါလေရော..... ဒီတစ်ခေါက်တော့ ဘုရင်ကြီးအလှည့်ပေါ့.....
မိဘုရားကြီးနေ့စေ့ လစေ့ ရောက်တဲ့အချိန်မှာ ဘုရင်ကြီးဟာလဲ.. အဆင်သင့်ပေါ့လေ..."ကဲ...ကဲ... ငါကိုယ်တော်မြတ် ဗိုက်နာရအောင်လို့.....သလွန်ပြင်စေ" ..ဘာစေ...ပေါ့....

အဲဒါနဲ့ဘဲ...တစ်ရက်နေတော့လဲ ဗိုက်မနာ.... နှစ်ရက်နေတော့လဲ ဗိုက်မနာ..... သုံးလေးရက်လောက်လဲ ကြာလာရော..... မစောင့်နိုင်တော့တာနဲ့ ....မီးနေဆောင်ကို သွားကြည့်ခိုင်းလိုက်တဲ့အခါမှာတော့...မိဘုရားကြီးဟာ ရင်သွေးတော်လေး ကို အောင်မြင်စွာ မွေးဖွားပြီး ဖြစ်ကြောင်း သံတော်ဦးတင်ကြတယ်....အဲဒါနဲ့ ဘုရင်ကြီးလဲ.... ငါဗိုက်လည်းမနာပါလား ဆိုပြီးအမတ်တွေကို မေးတော့... အမတ်တွေက "မှန်လှပါ ... အရှင်မင်းကြီးရဲ့ ဘုန်းတော်ကြောင့် ဗိုက်မနာခြင်းဖြစ်ကြောင်းပါ.... လို့ လျှောက်တင်လိုက်တော့... အလွန်ကျေနပ် နှစ်ချိုက်တော်မူသွားပြီး မိန့်မိန့် ကြီးပြုံးနေတော်မူသတဲ့.......

အဲဒီအချိန်မှာ.... အမတ်ကြီးတပါဟာ..သူ့ရဲ့အိမ်တော်က အိပ်ယာထက်မှာ လူးလိမ့်ပြီး ဗိုက်နာနေတာ.....ချွေးသီးချွေးပေါက်များတောင် ကျလို့.................

(သူငယ်ချင်း ဇော်မိုးအောင်....)

You never know

You don't see my eyes are worrying for you!
You don't feel my heart is full with love for you!
You don't see my shoulder is always ready for your cry face!
You don't see my hands are always waiting to help you!
You don't see my lonely face when you are happy with others!
You don't see my dream is always about you!
You don't know my decision of leaving you as I cannot suffer for you anymore ..........






- Posted using BlogPress from my iPhone