မြန်မာစာ အထက်တန်းပြဆရာမ အဖြစ်မှ ပင်စင်ယူပြီးကာစ အေးအေးလူလူ အနားယူမယ်ကြံကာ ရှိသေး ညီမ ကအပူကပ်လာပြန်တယ်.....
" မမရယ် မမရဲ့ မတ်တော်မောင်က နယ်စပ်ကို ပြောင်းဖို့ အမိန့် ကျတယ်လေ... နောက်လထဲမှာ သွားရတော့မှာ ကျမတို့ မိသားစု ကတော့ လိုက်နေဖို့ အစီအစဉ်မရှိပေမယ့်... သူများရပ်ရွာမှာ နေရေးထိုင်ရေး စီစဉ်စရာလေးတွေစီစဉ်ရအောင် ကျမ ခနတော့ လိုက်သွား မှဖြစ်မယ်မမရယ်..... မမကလဲ အလုပ်က အနားယူပြီဆိုတော့ ...မမရဲ့ တူတွေတူမတွေ နဲ့လာနေ ပြီး စောင့်ရှောက်ပေးပါအုံးမမရယ်..."
အင်း ...ရန်ကုန်ဆိုတာကလဲ ကားကကြပ်...နေတော့လဲ တိုက်ခန်းနဲ့ အင်မတန်မှ အသက်ရှု ကြပ်လိုက်မယ့် အမျိုးဆိုတာ....ဒီအပူတွေမလိုချင်လို့ တစ်ကိုယ်တည်းနယ်မှာ အေးအေးလူလူနေလာ ကာမှ ....့်တူတွေတူမတွေ သံယောဇဉ်ကလဲရှိသေးတော့...သွားနေရအုံးမှာပေါ့လေ....ပြောမယ်သာပြောရတာ သူတို့လေးတွေနဲ့ မတွေ့ရတာတောင်တော်တော် ကြာခဲ့ပါပကော.....
**********
ဘယ်အချိန်ကတည်းက ကျမကို မျှော်နေသလဲမသိ..... မနက်ရန်ကုန်ကို ရောက်တယ် ဆိုရင် ဘဲ ညီမတော်က မမရယ် အတော်ပါဘဲ.... သူတို့အဖေက သတင်းပို့ဖို့နောက်ကျနေပြီ မို့...ဒီနေ့ညနေဘဲသွားလိုက်တော့မယ် ဆိုပြီး ကောက်ခါငင်ကာ ထ သွားကြပါလေရော......
နောက်တနေ့ နံနက်ရောက်တယ်ဆိုရင် ဘဲ.......
အလိုတော် အငယ်ကောင်က ကျောင်းတက်ရမယ့် ဟာကို အခုချိန်ထိ အိပ်ယာထဲမှာ.....
" ဟဲ့ သားငယ် အခုချိန်ထိ အိပ်ယာက မထသေးပါလား..... ကျောင်းသွားရမယ်လေ...ထ..ထ..."
" ဟာ ကြီးမေကလဲ....ဒီနေ့ က ပရယ်တီကယ်ဘဲ ရှိတာ ပြီးတော့ သားတို့ အလှည့်လဲ မဟုတ်ဘူး... ကျောင်းသွားစရာ မလိုလို့ အိပ်နေတာပေါ့ကြီးမေကလဲ....ပြသ၁နာပဲ.....ဒီမှာဇိမ်တောင်ပျက်သွားပီ...."
"အံမယ် ကြည့်စမ်း ..ပြသ၁နာ.. ဘာပြသ၁နာလဲ.... ပြသ၁နာဆိုတာ ဖြေရှင်းရမယ် ပုတ်ဆာ....နင့် ကို အိပ်ယာထ..ခိုင်းတာ... ဘာကိုဖြေရှင်းစရာလိုလို့ ပြသ၁နာလို့ ပြောရတာလဲ..... ငါ မြန်မာစာ ဆရာမ ကိုယ်တိုင် တောင် နားမလည်ဘူး....."
"ကြီးမေရေ အဲဒါ ခေတ်စကားလို့ခေါ်တယ်..... ကဲ ထ..ပါတော့မယ်နော်...."
**********
"ကြီးမေရေ...ကြီးမေ...." "ဟဲ့...အလတ်မ....အိမ်ခန်းထဲကနေ....တကြော်ကြော်နဲ့ .....ဘာတုန်းဟဲ့...."
"ကြီမေ...သမီးကုတင်ပေါမှာတင်ထားတဲ့ အကျီင်္ အဖြူလေးရော....."
"ရေချိုးခန်းထဲက..ဇလုံထဲမှာ စိမ်ထားပေးတယ်လေ....ခနနေကြီးမေရေချိုးရင်းနဲ့ လျှော်ပေးမလို့...."
"အား....ဆွေးပြီ....ကြီးမေရေ.....အဲဒါမှ....ရေရေလည်လည်ဆွေးပြီ......အဲဒါ ခနနေ သမီးသူငယ်ချင်းအိမ်က အလှူသွားရင်ဝတ်ဘို့ ထုတ်ထားတဲ့ အကျီင်္အသစ်ကလေး.....အခုတော့သွားပြီ....."
အမ်...ဆွေးတယ်....ဆွေးတယ်ဆိုတာ....မခိုင်ခန့်တော့တဲ့သဘော.....ဆွေးမြေ့သွားတာ.... လျှော်ဖို့ ရေဇလုံထဲ ထည့်လိုက်တာ... ပျက်စီးတာလဲမဟုတ်ပဲနဲ့...
အကြီး မက...."ကြီးမေ....ပါးစပ်က ....တတွတ်တွတ်ရွတ်ပြီး ဘာတွေပြောနေတာလဲ.....သိပ်မတွေးနဲ့ .... သိပ်မတွေးနဲ့....အဲဒါအခုခေတ်လူငယ်တွေပြောတဲ့ ဘန်းစကား လို့ခေါ်တယ်...."
"အလိုလေးတော်..... ခေတ်ကာလစကားများကလဲ...."
*********
အငယ်နှစ်ယောက်က လမ်းများသလောက် အကြီးမကြီကျတော့ အိမ်အလုပ်တွေလုပ်နေလို့ တော်သေးတာပေါ့....အင်း ဒီခေတ်ကလေးတွေနဲ့.....ကျမညီမ အစား ရင်မောလိုက်ပါဘိတော့..
ဒီနေ့တော့ ထူးထူးခြားခြား အငယ်ကောင်က ကျမကို ဘုရားလိုက်ပို့ပေးမယ်ဆိုဘဲ......အင်းအိမ်ထဲမှာ နေရတာလဲ ကြာပြီဆိုတော့ သွားလိုက်အုံးမှဘဲ......
" ကြီးမေ အငယ်မ လိုက်မယ်လို့ပြောတယ်.... သမီးကတော့ အိမ်စောင့် နေရစ်ခဲ့မယ်...."
အ၀တ်အစားလဲပြီးတော့အခန်းပြင်ကစောင့်နေတဲ့ အငယ်ကောင်က.... "ဟား...ဒို့ ကြီးမေက ....လည်ပင်းမှာ ပုဝါတွေစည်းလို့...... ဘာမိုက်သလဲမမေးနဲ့ ...."
လာပြန်ပြီ.....မိုက်တယ်.....မိုက်တယ်ဆိုတာ မလိမ်မာတဲ့သဘော.... "ဘုရားသွားဖို့ ...ပုဝါ ပတ်တာဘာမိုက်တာလဲ....သားငယ်နော်...လူကြီးကို....." " ဟာ...ကြီးမေကလဲ..... အဲဒါလှလို့.....ကြီ:မေကိုပြောတာ......"
" ကဲ ကဲ ကြီးမေ.... တွေးမနေနဲ့ ငေးမနေနဲ့ မြန်မြန်လေး လှုပ်ရှားထားမယ်... ပြီးရင်သားက ညနေသင်တန်းသွားစရာရှိသေးတယ်....." လာပြန်ပြီ လှုပ်ရှားထားမယ်....လှုပ်းရှားတယ် ဆိုတာ မငြိမ်တဲ့သဘော.... ကျမက ဘာကိုလှုပ်ရှားရမှာလဲ...... ကဲပါ တွေးမနေတော့ပါဘူး......
မဖူးရတာ ကြာပြီဖြစ်တဲ့ ရွေတိဂုံဘုရားရောက်တော့လဲ စိတ်ထဲမှာ ကြည်နူးပြီးအေးချမ်း သွားတာဘဲ......
တူတော်မောင်က သွားစရာရှိသေးတယ်ဆိုတော့လဲ ကျမမှာ ကြာကြာ အာရုံ ပြုမနေနိုင်ပါဘူး ......
အိမ်ပြန်ရောက်တော့ လဲ... သားငယ်က တိုက်ရှေ့ မှာ ကားကိုရပ်ပေးတယ်.....အငယ်မကလဲမြို့ထဲကို ပြန်လိုက်သွားအုံးမယ်ဆိုလို့ ....ကျမတစ်ယောက်ထဲ.....လှေကားထစ်တွေကို ဖြည်းဖြည်းချင်းတက်လာခဲ့လိုက်တာ ....တစ်ထပ်အလိုနေရာ ကလှေကားပေါ်မော့ကြည့်လိုက်တော့..... အလိုလေး .... အကြီးမရယ်.....သူငယ်လေးတစ်ကောင်နဲ့ ချိန်းတွေ့နေပါသကော..... ကြည့်စမ်းကြည့်စမ်း......ခေတ်ကာလ သားသမီးများ...အတင့်ရဲလိုက်ကြတာ....ကျမတို့ခေတ်နဲ့များတော့ကွာပ........
ခေါင်းထဲမှာ မိုက်ခနဲဖြစ်သွားလို့....ဘေးက လက်ရမ်းတန်းကို ဆုတ်ကိုင်ထားလိုက်ရတော့တယ်..... အကြီးမကတော့...ကျမကိုလဲ တွေ့လိုက်ရော....မျက်နှာတစ်ချက်ပျက် ရာက....ချက်ချင်းပြန်ပြင်ပြီး...."ကြီမေ အဲဒါသမီးသူငယ်ချင်းလေ...တဲ့..." ဘာမှမထူးဆန်းသလိုမျိုး.....အလိုလေး.....မဖြစ်ဘူး.. မဖြစ်ဘူး....ဒီအတိုင်းနေလို့တော့မဖြစ်ဘူး.... မိဘတွေမရှိတုန်း မတော်တာတွေဖြစ်သွားရင်.....အားလုံးရင်ကျိုးရချည်ရဲ့......အဲဒါနဲ့ဘဲ....ညီမဆီ .စာတစ်စောင် မဆိုင်းမတွ... ရေးလိုက်တယ်.....
မောင်လေးနဲ့ ညီမလေး
ဒီမှာ...ပြသ၁နာတော့ အကြီးအကြယ်တက်နေပြီ.....
ဘာမိုက်သလဲမမေးနဲ့....
အပြတ်လှုပ်ရှားထားမှဖြစ်မယ်...
မဟုတ်ရင်တော့ ဆွေးပြီသာမှတ်.....
မမကြီး
မကြင်စိန်
No comments:
Post a Comment